မင်းကင်း ဒီဇင်ဘာ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ စကားဝါခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် ကျပန်း စကားပြောပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက "မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် လူငယ်တို့၏ တာဝန်"၊ "လွတ်လပ်ရေး၏တန်ဖိုး ထာဝစဉ်မြတ်နိုးကြစို့"နှင့် "မြန်မာနိုင်ငံလွတ်လပ်ရေးနေ့ ကြိုးပမ်းမှုသမိုင်း" ခေါင်းစဉ်များဖြင့် အသီးသီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူး၊ ကျောင်အုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက တက်ရောက်အားပေးခဲ့ကြပြီး ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား လာမည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ် ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)