ဝမ်းတွင်း ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးအကြံပြုခြင်းများကို ယနေ့နံနက်ပိုင်းက ကိုယ်ပိုင်အထက်တန်းကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်အတွင်း မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းများနှင့် ပတ်သက်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုပုံနှင့် လက်တွေ့ မီးငြှိမ်းသတ်ခြင်းများကို အသိပညာပေးဆွေးနွေးခြင်း၊ ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးစိုးထွန်းထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေး လုံခြုံရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး အသိပညာပေးစစ်ဆေး အကြံပြုခြင်းများကို မြို့နယ်အတွင်း ဖွင့်လှစ်ထားသော WISE ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် အောင်ဆုကိုယ်ပိုင်အထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ဌေးလှိုင်(ဝမ်းတွင်း)