ညောင်ဦးမြို့နယ် ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ တစ်ပိဿာ ၅၂၀၀ ကျဖြင့်ရောင်းချ

ညောင်ဦး ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပြည်သူများသို့ မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီရောင်းချခဲ့ရာ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် စားအုန်းဆီ ၃၃၀၀ ပိဿာရောင်းချပေးခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ်၊ နေပြည်သူများ ချက်ပြုတ်စားသောက်မှုကိစ္စများ တဘက်တလမ်းမှ အဆင်ပြေကြစေရန် မီးဖိုချောင်သုံးစားအုန်းဆီများကို သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများကို အမှတ်(၄)၊ သီရိပစ္စယာရပ်၊ ရာဇသင်္ကြန်(၂)လမ်းထောင့် ရွှေပြည်ဝင်းဆီစက်၊ အမှတ်(၃) အောင်သိဒ္ဓိရပ်ကွက်၊ ကမ္ဘောဇဘဏ်လမ်း၊ ဆန်းရွှေဝါဆီဆိုင်၊ အမှတ်(၃) ဇေယျဝတီရပ်ကွက်၊ BT Restaurant စားသောက်ဆိုင်ရှေ့၊ တက်သိမ်းမြောက်ရပ်ကွက်၊ မြမြင့်မိုရ် ဆေးဆိုင်လမ်း၊ အမှတ်(၃)ပြည်တော်အေးရပ်ကွက်(၂)လမ်း၊ အောင်မင်္ဂလာရပ်ကွက်၊ ပျူစောထီးလမ်းနှင့် ပုဂံမြို့သစ်၊ ကျန်စစ်သားရပ်ကွက် ဒေါ်ရှင်ကုန်စုံဆိုင်နေရာ (၇)နေရာတို့တွင် စားအုန်းဆီများအား ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးလျှက်ရှိရာ  စားအုန်းဆီ တစ်ပိဿာ ၅၂၀၀ ကျပ်ဖြင့် ၃၃၀၀  ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း