ညောင်ဦးမြို့နယ်တွင် တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်
Jan 01,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းရင်းကြက်မွေးမြူရေး၊ သုတေသနနှင့်မျိုးထိန်းမျိုးပွားခြံအဖြစ် အသုံးပြုထားသည့် မြေနေရာအတွက်၊ ညောင်ဦး မြို့နယ်တောင်သူများ လက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။