ညောင်ဦး ဇန်နဝါရီ ၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်းရင်းကြက်မွေးမြူရေး၊ သုတေသနနှင့်မျိုးထိန်းမျိုးပွားခြံအဖြစ် အသုံးပြုထားသည့် မြေနေရာအတွက်၊ ညောင်ဦး မြို့နယ်တောင်သူများ လက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲအချိန်က ညောင်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် မြေယာလျော်ကြေးငွေပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
မြေယာလျော်ကြေးငွေပေးအပ်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တာဝန်ခံအရှိ ဒေါက်တာဖိုးစေနှင့် ဝန်ထမ်းများ တက်ရောက်ကြပြီး အသုံးပြုထားမြေနေရာသည် ညောင်ဦးမြို့ နယ် ကုန်းတန်းကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၅၃၃)၊ တောင်ရှေ့ကွင်း၊ ဦးပိုင်အမှတ် (၅၉၊ ၂၁၊ ၅၆) မြေဧရိယာ (၇.၅၂)ဧကအား မူလမြေပိုင်ရှင် တောင်သူများထံသို့ မြေဧရိယာ တစ်ဧကလျှင် ငွေကျပ် (၁၂၅)သိန်းနှုန်းဖြင့် လျော်ကြေးပေးချေရန်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေဧရိယာ (၇.၅၂)ဧကအတွက် မြေယာလျော်ကြေးငွေ (၉၄၀၀၀၀၀၀)ကျပ်၊ သိန်းကိုးရာလေးဆယ်ကျပ်တိတိအားမူလမြေပိုင်ရှင်တောင်သူများထံသို့ အသိသက်သေများရှေ့မှောက်တွင် မြေယာလျော်ကြေးငွေအား ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်တိုင်းရင်းကြက်မွေးမြူရေး၊ သုတေသနနှင့်မျိုးထိန်းမျိုးပွားခြံ တာဝန်ခံအရာရှိ ဒေါက်တာဖိုးဆေး တို့ကပေးအပ်ခဲ့ကြောင်းသိရသည်။
ဒီပါလင်း