တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချ

ချမ်းအေးသာစံ ဇန်နဝါရီ  ၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ပူးပေါင်း၍ ပြည်သူများကို အခြေခံစားသောက်ကုန်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချခြင်းကို ယနေ့နံနက် ၆နာရီခွဲအချိန်မှ စတင်ကာ ချမ်းအေးသာစံမြို့နယ် ပတ်ကုန်းပျော်ဘွယ်ရပ်ကွက်ရှိ မန္တလေးပညာရေးဒီဂရီကောလိပ်တွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြေခံစားသောက်ကုန်များ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ရာတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ဈေးနှင့်သားသတ်ဌာနမှ ဌာနမှူး ဦးသက်နိုင်နှင့် ဝန်ထမ်းများ၊ မန္တလေးတိုင်းဒေသကြီး၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်း၊ မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ စားအုန်းဆီ ၁ပိဿာလျှင် ၅၈၀၀ကျပ်နှုန်းဖြင့် ပိဿာ(၅၀၀)၊ ကြက်ဥတစ်လုံးလျှင် ၂၀၀ကျပ်နှုန်းဖြင့် အလုံးရေ ၂၄၀၀၊ ဘဲဥတစ်လုံးလျှင် ၃၂၀ကျပ်နှုန်းဖြင့် အလုံးရေ (၅၀၀)၊ ဝက်သားတစ်ပိဿာလှင် ၁၄၀၀၀ ကျပ်နှုန်း ဖြင့် ၅ပိဿာ၊ အမဲသား တစ်ပိဿာလျှင် ၁၄၀၀၀ ကျပ်နှုန်းဖြင့် (၅)ပိဿာ၊ ငါးမုတ်တစ်ပိဿာလျှင် ၄၅၀၀ ကျပ်နှုန်းဖြင့် ပိဿာ ၂၀၊ ငါးတန်တစ်ပိဿာလျှင် ၄၅၀၀ကျပ်နှုန်းဖြင့် ပိဿာ ၂၀၊ ငါးအုံတုံ တစ်ပိဿာလျှင် ၇၅၀၀ကျပ်နှုန်းဖြင့် ပိဿာ ၂၀၊  ငါးမြစ်ချင်း တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှုန်းဖြင့် ၁၀ ပိဿာ၊ ငါးကြင်းဖြူ(မန္တလေး) တစ်ပိဿာလျှင် ၁၀၀၀၀ကျပ်နှုန်းဖြင့် ၃ပိဿာ၊ ကြက်သား တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှုန်းဖြင့် ၅ပိဿာ၊ ဘူးသီး တစ်လုံးလျှင် ၅၀၀ကျပ်နှုန်းဖြင့် ၂၀လုံး၊ ဂေါ်ဖီထုတ် တစ်ထုပ်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် ၅ထုပ်၊  ဆိတ်သား တစ်ပိဿာလျှင် ၁၈၀၀၀ကျပ်နှုန်းဖြင့် ၃ပိဿာ၊ ခရမ်းချဉ်သီး တစ်ပိတ်သာလျှင် ၁၆၀၀ကျပ်နှုန်းဖြင့် ၅၀ပိဿာ၊ ပန်းဂေါ်ဖီ တစ်ထုတ်လျှင် ၈၀၀ ကျပ်နှုန်းဖြင့် ၁၀ထုတ် တို့အား ပြင်ပပေါက် ဈေးနှုန်းထက် သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်