ငဖဲမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ငဖဲ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် အားကစားကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး(TSDP)အစီအစဉ်အရ ငဖဲမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများ တက်ရောက်၍ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေသည့် ငဖဲယူနိုက်တက်အသင်းနှင့် ရွှေစက်တော်အသင်းတို့အား ကြည့်ရှုအားပေးကာ ပထမဆုရရှိသည့် မြို့မရပ်ကွက်အသင်း၊ ဒုတိယဆုရရှိသည့် ရွှေစက်တော်အသင်း၊ အကောင်းဆုံးအားကစားသမားဆုနှင့် အခြားဆု(၅)ဆုတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလားဆု၊ ဆုဆွဲပြားများ၊ ဂုဏ်ပြုဆုနှင့် ဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အသင်း(၈)သင်း ဝင်ရောက်၍ အုပ်စုပတ်လည်အမှတ်ပေးစနစ်ဖြင့် ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကို ဒီဇင်ဘာလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျင်းပခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)