ပုဗ္ဗသီရိမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးလျက်ရှိ
Jan 01,2024
ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာဖတ်သူများ လက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးခြင်းကို စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများနှင့်ရုံးဌာနများသို့ ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ဝန်ထမ်းများက ကျည်တောင်ကန်အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။ အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းတွင် သုတ၊ ရသစာအုပ်မျိုးစုံ ၁၀၀ကျော်ကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။