တိုင်းဒေကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးအဖွဲ့များ တွေ့ဆုံပွဲ ကျင်းပ

ချမ်းအေးသာစံ  ဇန်နဝါရီ  ၁

မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကြက်ခြေနီကြီးကြပ်ရေးအဖွဲ့များတွေ့ဆုံပွဲ အခမ်းအနားကို ဒီဇင်ဘာလ (၃၁)ရက်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၇၀၊ ၂၇×၂၈လမ်းကြားရှိ တိုင်းဒေသကြီး ကျန်းမာရေးရုံးဝင်းအတွင်းရှိ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်တီရုံး စုဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဦးကျော်ကျော်မှ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး၏ အခန်းကဏ္ဍများနှင့် လုပ်ငန်းတာဝန်များအားလည်းကောင်း၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဦးမြင့်သိန်းမှ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဆိုင်ရာကိစ္စရပ်များ၊ စည်းမျဉ်းစည်းကမ်းများအား အသီးသီးရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် မဟာအောင်မြေမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြကြပြီး လာမည့် (၆)လပတ်အတွက် လုပ်ငန်းအစီအစဉ်များ ဆွေးနွေးရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းနိုင်