ကြံခင်း ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ မြတ်ရတနာစာချဓမ္မစကူးလ်သင်တန်းဆင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ စံရာတိုက် စာချကျောင်း၊ ဓမ္မာရုံအတွင်း ကျင်းပခဲ့သည်။
အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများက"နမောတဿ" သုံးကြိမ်ရွတ်ဆိုဘုရားကန် တော့ဖွင့်လှစ်ကြပြီး၊ ကြံခင်းမြို့နယ် စံရာတိုက် စာချကျောင်း ဆရာတော် ဦးဝိစိတ္တသာရထံက ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် တရားတော်နာယူကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းတန်က ယဉ်ကျေးလိမ္မာသင်တန်းဖွင့် လှစ်ပေးခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးလာပြီး ယဉ်ကျေးလိမ္မာသောသားကောင်းရတနာ မြောက်မြားစွာပေါ်ထွန်းလာမှာ ဖြစ်လို့ကျေးဇူးတင်ဂုဏ် ယူဝမ်းမြောက်ပါကြောင်း၊ ဆရာတော်ကြီးနှင့် သင်ကြားပေးသောဆရာ/ ဆရာမများ၊ တာဝန်ရှိသူအား လုံးကျေးဇူးတင်ပါကြောင်း လျောက်ထား ပြောကြားသည်။
ဆက်လက်ပြီး မြတ်ရတနာစာချကျောင်း ဓမ္မစကူးလ်တက်ရောက်သော ကျောင်းသား/သူ (၆၅)ဦးအား ရာနှုန်းပြည့်ကျောင်းတက် မပျက်သောသူ/ပျက်ကွက်သောသူ အဆင့်ဆင့် သတ်မှတ်၍ ဆုနှင့်သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများနှင့် အလှူ့ရှင်များက ချီးမြှင့်ပေးအပ်ခဲ့ကြကာ၊ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေ ကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံတိဌတု"သုံးကြိမ်ရွတ်ဆို ပြီးမြောက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)