မောက်မယ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်(အကြို) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းဆင့်ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နန်းမိုခမ်းက အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ တီထွင်ဖန်တီးနိုင်စွမ်းရှိစေရန်၊ စိတ်ကူးဉာဏ်ကွန့်မြူးတိုးတက်လာစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးတိုးတက်သွက်လက်ထက်မြက်လာစေရန်၊ တစ်ဦးနှင့်တစ်ဦးရင်းနှီးကျွမ်းဝင်ပြီး ပူးပေါင်းလုပ်ဆောင်တတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ပြိုင်ပွဲများ ပြုလုပ်ယှဉ်ပြိုင်စေခြင်းဖြစ်ပြီး အဆိုပါပန်းချီဆွဲပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း ၅ကျောင်းမှ မူလတန်းဆင့်ကျောင်းသား/ကျောင်းသူများ (၁၄)ဦးတို့က စိတ်ပါဝင်စားပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ကျောင်းသား/ကျောင်းသူများကို ဆုလက်ဆောင်ပစ္စည်းများ ချီးမြှင့်ကာ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအားလုံး ဗလာစာအုပ်လက်ဆောင်များ၊ အချိုရည်နှင့် မုန့်များပေးဝေခဲ့ရာ ကျောင်းသား/ကျောင်းသူများက မြို့နယ်ရုံးတွင် ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့်ဓါတ်ပုံ၊ နံရံကပ်စာစောင်များနှင့်စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)