ဝါးခယ်မ ဇန်နဝါရီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာအုပ်စုနှင့် ကျွန်းကုန်းကျေးရွာအုပ်စုရှိ ဆင်းရွှေကြာ (၂) နေကြာမျိုးပွားစံပြကွက် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကြာဖြူကျေးရွာအုပ်စု၊ ကြာဖြူကွင်းအမှတ် (၁၀၀၀/က)၊ ဦးပိုင်အမှတ်(၁၇/က)ရှိ တောင်သူ ဦးဝင်းဗိုလ်၏ လယ်(၅)ဧကတွင် ဆင်းရွှေကြာ(၂)နေကြာမျိုးပွားစံပြကွက် စိုက်ပျိုးနေမှုကိုကြည့်ရှုအားပေးရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တောင်သူဦးဝင်းဗိုလ်မှ မျိုးစေ့ချစိုက်ပျိုးချိန်မှစ၍ ယခုချိန်ထိပြုစုပျိုးထောင်မှုအား အသေးစိတ်ရှင်းလင်းတင်ပြရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌမှ လိုအပ်သည်များ လမ်းညွှန်မှာကြားလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြှင့်မားရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ် ကျွန်းကုန်းကျေးရွာရှိ ကျွန်းကုန်းကွင်းအမှတ် (၁၀၁၃)၊ ဦးပိုင်အမှတ်(၅ က/၃)ရှိ တောင်သူဦးဝင်းသိန်း၏ လယ်(၅.၀၀)ဧကတွင်လည်း အလားတူစိုက်ပျိုအောင်မြင်ဖြစ်ထွန်းနေမှုကိုကြည့်ရှု၍ လိုအပ်ချက်များအား လမ်းညွှန်မှာကြားလျက်ရှိကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)