ရေတာရှည် ဇန်နဝါရီ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်မြန်မာ့စီးပွားရေးဘဏ်၌ ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို လစဉ်(၂၁)ရက်နေ့မှစတင်ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၇)နာရီမှစတင်၍ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးလျက်ရှိသည်။
ရေတာရှည်မြို့နယ်အတွင်း၌ ပင်စင်လစာထုတ်ယူသူအငြိမ်းစားဝန်ထမ်း(၂၈၀၀)ဦးခန့်ရှိရာ ယနေ့နိုင်ငံဝန်ထမ်းပင်စင်စား(၃၅၀)ကျော်အား ဘဏ်လုပ်ငန်းရုံးချိန်အတွင်း ထုတ်ပေးလျက်ရှိရာ ပင်စင်လစာထုတ်ပေးရာတွင် လွယ်ကူလျင်မြန်စွာထုတ်ယူနိုင်ရေးနှင့် လုပ်ငန်းတွင်ကျယ်မှုရှိစေရန် လစဉ်ပုံမှန်(၂၁)ရက်နေ့မှစတင်ပြီး နံနက်(၇)နာရီအချိန်မှစ၍ ထုတ်ပေးလျက်ရှိသည်။ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်စားများအားတစ်ပတ်တိတိထုတ်ပေးသွားမှာဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။
အဆိုပါနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးဌာနမှ "လူတိုင်းအသက်ရှည်ကျန်းမာဖို့၊ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့" ဆောင်ပုဒ်နှင့်အညီ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ဆရာဝန်ကြီးဒေါက်တာနန္ဒာညီဆွေဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ အငြိမ်းစားဝန်ထမ်းများအား သွေးချိုဆီးချိုစစ်ဆေးခြင်း၊ ကိုယ်အလေးချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်းတို့ကိုဆောင်ရွက်၍ ကျန်းမာရေးစစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့်ကုသပေးခြင်းများကို အခမဲ့စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ရေတာရှည်(ပြန်/ဆက်)