ပွင့်ဖြူမြို့နယ်၌ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင် (၇) ခုအား တတိယအကြိမ် တင်ဒါ/ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေး

ပွင့်ဖြူ ဇန်နဝါရီ ၂၃

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ရောင်းချရန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၁၇) ခုအနက်မှ လုပ်ငန်းရှင်များမှ ဝယ်ယူလုပ်ကိုင်ရန် လျှောက်လွှာတင်သွင်းလာသည့် ကျေးလက်သားသတ်လုပ်ငန်းလိုင်စင်နှင့် အခြားအခွန်ကောက် လုပ်ငန်းလိုင်စင် (၇) ခုအား တတိယအကြိမ် တင်ဒါ/ ဈေးပြိုင်စနစ်ဖြင့် ရောင်းချပေးခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အရပ်ရပ်အခွင့်အရေးလိုင်စင်များကို တင်ဒါ/ဈေးပြိုင်စနစ်ဖြင့် တတိယအကြိမ် လေလံရောင်းချပေးရာတွင် ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးသန်းထိုက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ရောင်းချရန် ကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့်ပတ်သက်ပြီး တင်ဒါ/ဈေးပြိုင်စနစ်ဖြင့် ရောင်းချရာ၌ ဝယ်ယူလုပ်ကိုင်မည့်လုပ်ငန်းရှင်များ သိရှိလိုက်နာရမည့် စည်းကမ်းချက်များနှင့် အကျိုးခံစားခွင့်များ အကြောင်းကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ မြို့နယ်လေလံရောင်းချရေးကြီးကြပ်မှုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ရောင်းချရန် ကျန်ရှိသော အရပ်ရပ်အခွင့်အရေးလိုင်စင် (၁၂) ခုအနက်မှ ကျေးလက်သားသတ်လုပ်ငန်းလိုင်စင် ၆ ခု နှင့် အခြားအခွန်ကောက်လုပ်ငန်းလိုင်စင် ၁ ခု၊ စုစုပေါင်း အရပ်ရပ်အခွင့်အရေးလိုင်စင် ၇ ခုအား တတိယအကြိမ်အဖြစ် တင်ဒါ/ ဈေးပြိုင်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ လေလံဖွင့်လှစ်ရောင်းချပေးရာ ဝယ်ယူလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များက သတ်မှတ်လေလံစည်းကမ်းချက်များနှင့်အညီ မိမိတို့ ဆောင်ရွက်လုပ်ကိုင်လိုသည့် လုပ်ငန်းလိုင်စင်များကို ဝယ်ယူခဲ့ကြကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ထံမှ သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)