မှော်ဘီမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

မှော်ဘီ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.လ.က လေထီး (မှော်ဘီ) ကျောင်း သဇင်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဉီးစွာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိ ဦးအေးသိန်းက အမှာစကားပြောကြားပြီး မှော်ဘီမြို့နယ် Book Club အဖွဲ့အတွင်းရေးမှူး စာရေးဆရာဝင်းနွယ် (ပုသိမ်) မှ မငြိမ်းသောမီးတောက်ကလေးဟူသော ခေါင်းစဉ်ဖြင့်လည်းကောင်း စာရေးဆရာဆေးတန်သားမှ ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံဟူသော ခေါင်းစဉ်ဖြင့် သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတို့ကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဇော် (မှော်ဘီ)