လပွတ္တာမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

လပွတ္တာ ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်  ကာကွယ်တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ လပွတ္တာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလှိုင်က ကျောင်းသား ၊ကျောင်းသူလေးများအား မူးယစ်ဆေးဝါးနှင့် မှုခင်းကျဆင်းရေးအကြောင်း၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် ကာကွယ်တားဆီးရေး၊ အင်တာနက်လူမှုကွန်ရက်ပေါ်  သတင်းတု၊သတင်းမှားများ ဖြန့်ဝေခြင်း Like & Share ပေးခြင်းများ မပြုလုပ်စေရေးနှင့် ပတ်သတ်၍ ဆိုးကျိုးများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ (၅၁) ဦးခန့် တက်ရောက်၍ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သိရှိထားသင့်သည့် အသိပညာ ဗဟုသုတ ရရှိရေးအတွက် ပြန်လည်မေးမြန်းခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)