ထား၀ယ်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် “(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်” ကဗျာရေးစပ်ပြိုင်ပွဲ၊ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ထား၀ယ် ဇန်နဝါရီ ၂၆

ထားဝယ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် “(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကဗျာရေးစပ်ပြိုင်ပွဲ ဆုချီးမြင့်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ အကဲဖြတ်ဒိုင်အဖွဲ့ဝင်များက ကဗျာရေးစပ်ပြိုင်ပွဲအား စိစစ်ရွေးချယ်အကဲဖြတ် အမှတ်ပေးခဲ့ကြသည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဗိုလ်ဗိုလ်က ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းနှင့် ကျောင်းသား/သူများအ‌နေဖြင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများကို သိရှိနားလည်၍ အနာဂတ်တွင် တန်ဖိုးထားတတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ်လူရည်ချွန်များ ထွက်ပေါ်လာစေရန်၊ အာရုံစူးစမ်းလေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုရရှိလာစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပခြင်းဖြစ်ကြောင်း၊ ကျောင်းသား/သူများ၏ပြိုင်ပွဲ ရလဒ်အမှတ်များနှင့် ဆုရွေးချယ်ရာတွင် ပါဝင်သည့်အချက်များအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကဗျာရေးစပ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော ကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရကျောင်းသား/သူများကိုယ်စား ဆုရကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်းသတင်း ရရှိသည်။

ငွေဇင်ယော်(ထားဝယ်)