ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ နိုင်ငံဝန်ထမ်း(အငြိမ်းစား)များအား အခြေခံစားကုန်များ၊ ဆေးဝါးများထောက်ပံ့ပေးအပ်

လွိုင်ကော် ဇန်နဝါရီ ၂၆

နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)၊ ပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခြေခံစားကုန်များ၊ ကျန်းမာရေးအထောက်အကူပြုဆေးဝါးများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀:၀၀)နာရီအချိန် ကယားပြည်နယ်၊ လွိုင်ကော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကျင်းပပြုလုပ်ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)ပင်စင်စားများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) ပင်စင်စားများအား အခြေခံစားကုန်များ၊ ကျန်းမားရေးအထောက်အကူပြုဆေးဝါးများ ထောက်ပံ့ပေးအပ်ခဲ့ရာ တက်ရောက်လာသည့် ပင်စင်စားများမှ လက်ခံရယူခဲ့ပါသည်။

ဆင်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များကို ပင်စင်လစာ ထုတ်ပေးနေမှုအား ကြည့်ရှု၍ လိုအပ်သည်များ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ ပင်စင်လစာထုတ်ပေးမှုမှာ မြို့ပြပင်စင်စား ၁၇ ဦး၊ ကာကွယ်ရေးပင်စင်စား ၇၃ ဦး၊ စုစုပေါင်း ၉၀ ဦးအတွက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလထိ ပင်စင်လစာများ ထုတ်ပေးခဲ့ပြီး လစဉ်ပုံမှန် ထုတ်ပေးနိုင်ရေး မြန်မာ့စီးပွားရေးဘဏ်မှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ကယားပြည်နယ်(ပြန်/ဆက်)