ဒေါပုံ ဩဂုတ် ၆
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အများပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးနှင့် ဆူညံသံများကြောင့် နှောင့်ယှက်မှုမရှိစေရေးအတွက် ဩဂုတ် ၄ ရက်နေ့က စတင်ကာ ယမုံနာလမ်းမကြီးပေါ်ရှိ မြို့မရဲစခန်းအရှေ့ဘက်တွင် တာ၀န်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု (၃၁)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်မြင့်ထွန်းနှင့် တပ်ဖွဲ့၀င်များ၊ မြို့မရဲစခန်းမှ တာ၀န်ရှိသူများပူးပေါင်း၍ ယာဉ်အန္တရာယ်ကင်းဝေးစေရေး အရက်သေစာသောက်စားမောင်းနှင်မှု ရှိ၊ မရှိနှင့် ညအချိန် ဆူညံသံများကြောင့် အများပြည်သူအနှောင့်အယှက်မဖြစ်စေရန် မော်တော်ယာဉ်များတွင် ပါဝါအိတ်ဇောတပ်မောင်းနှင်မှု ရှိ၊ မရှိတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)