စေတုတ္တရာ ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြို့ပေါ်ရပ်ကွက် အမှတ် (၁) ရပ်ကွက်များမှ အသက် (၅) နှစ်အောက် ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးများ တိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးဌာနရုံးတွင် ယနေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗီတာမင်အေနှင့် သံချဆေးကို ကလေးငယ်များအတွက် အာဟာရ ချို့တဲ့မှုများမှ ကင်းဝေးပြီး အာဟာရပြည့်ဝ၍ ကိုယ်ခန္ဓာဖွံ့ဖြိုးကာ ကျန်းမာသန်စွမ်းစေရေးအတွက်(၆) လလျှင် တစ်ကြိမ် ပုံမှန်တိုက်ကျွေး ပေးလျက်ရှိသည်။ အဆိုပါ ဗီတာမင်နှင့် သံချဆေးများ တိုက်ကျွေးရန် ရောက်ရှိလာသည့် ကလေးငယ်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာကျန်းမာရေးဆရာမများက ကလေးငယ်များ၏ ဖွံ့ဖြိုးကြီးထွားမှုကို တိုင်းတာခြင်း၊ ကိုယ်အလေးချိန် တိုင်းတာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးပြီး ဗီတာမင်အေနှင့် သံချဆေးကို တိုက်ကျွေးပေးကြသည်။
စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ သက်ကြီးရွယ်အိုများ သွေးတိုး၊ ဆီးချို ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်း၊ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဗီတာမင်သံချဆေး တိုက်ကျွေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ဆန်းကိုကို(ပြန်/ဆက်)