သတင်းများ

မိုင်းပျဉ်းမြို့၌ ဘုန်းတော်ကြီးသင်ပညာ‌ရေး ကျောင်းသား၊‌ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်UID (Biometric)  ဆောင်ရွက်‌ပေး
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID(Biometric) ဆောင်ရွက်‌ပေးခြင်းကို ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတွင် ပြုလုပ်ပေးကြောင်း သိရသည်။
မိုင်းပျဉ်း အ.ထ.က၌ စာကြည့်တိုက်အသုံးပြု၍ ပုံ‌ပြင်‌ပြောပြိုင်ပွဲ ကျင်းပ
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စာကြည့်တိုက်အသုံးပြု၍ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျောင်း နဝဒေးခန်းမ၌ ကျင်းပခဲ့သည်။
မိုင်းပျဉ်းမြို့ ဌာနပေါင်းစုံ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ဌာနပေါင်းစုံဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်(၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
မုဒုံမြို့၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုဆောင်ရွက်
Aug 12,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၅ -၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(သင်္ဘောဦး)စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်တွင် မိုးစပါးဧက ၂၀၂၅၂ ဧက စိုက်ပျိုးပြီးစီး
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးစပါးဧက ၄၀၉၈၈ ဧကလျာထား၍ ၂၀၂၅၂ ဧက၊ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကာ SRI စိုက်ဧက၊ မျိုးစေ့ထုတ်ကွက်စိုက်ဧကနှင့် မိုးစပါးပန်းတိုင်အထွက်နှုန်းများလည်းပြည့်မီအောင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စကုမြို့ အ.ထ.က(ခွဲ) တောင်ရပ်ကျောင်း၌ ကျောင်းကောင်စီဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲကျင်းပ
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စကုမြို့၌ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တောင်ရပ်ကျောင်း၌  ကျောင်းကောင်စီဥက္ကဋ္ဌဖလား လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၂ နာရီက စကုမြို့အားကစားကွင်း၌ ကျင်းပသည်။
တံတားမြို့အတွင်းရှိဆေးဆိုင်များတွင် သတ်မှတ်ချက်နှင့်အညီကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိဆေးဆိုင်များတွင် သတ်မှတ်ချက်နှင့်အညီကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့တိုင်းရင်းဆေးကုဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
မင်းဘူးမြို့၌ လျှပ်စစ်မီတာယူနစ် ပျောက်ဆုံးမှုလျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လျှပ်စစ်မီတာယူနစ်ပျောက်ဆုံးမှု လျော့နည်းစေရေး၊ ဌာနဝင်ငွေတိုးတက်စေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေးအတွက် အိမ်သုံး၊ လုပ်ငန်းခွင်သုံးမီတာများစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။