သတင်းများ

မိုးနဲမြို့နယ်၌ ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ မိတ်ဆက်ရှင်းလင်း
Aug 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ၂ဝ၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် ပြည်ထောင်စု၊ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများ၏ ကုန်ထုတ်လမ်းတံတား၊ ရေပေးရေးလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
‎​ကျောက်တန်းမြို့နယ်၌ သဘာ၀ဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ အ.မ.က(ဂွေးပင်)တွင် ကျင်းပ
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် အ.မ.က(ဂွေးပင်)ကျောင်းတွင် သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၁)နာရီအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ သိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည့် ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်
Aug 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စု၊ သိမ်ကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြည်သူလူထုတွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများနှင့် ကျေးရွာသူ/ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ လူငယ်များနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Aug 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဥယျာဉ်ရပ်ကွက် ဌာနစုပေါင်းရုံးဝန်းအတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က (၂၅)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် စာစီးစာကုံးပြိုင်ပွဲ ဆုပေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကလေးဝမြို့တွင် ချင်းတွင်းမြစ်နှင့်မြစ်သာမြစ်တို့၏ မြေပေါ်ရေအရည်အသွေး တိုင်းတာစစ်ဆေး
Aug 12,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ချင်းတွင်းမြစ်နှင့်မြစ်သာမြစ်တို့၏ မြေပေါ်ရေအရည်အသွေးတိုင်းတာစစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင် ငလျင်ဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး
Aug 12,2025
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့၊ ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရာကြီး၏ တောင်ဘက်မုခ်ဦးနှင့် စောင်းတန်းအသစ် ပြန်လည်တည်ဆောက်ရန်အတွက် ဖောင်ဒေးရှင်းတူး၍ အောက်ခံကွန်ကရစ်လောင်းနေမှုအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းအဖွဲ့များနှင့်တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ
Aug 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် ယနေ့နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်ပြပွဲအား ကျင်းပပြုလုပ်ရာ ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာချိုက ပြိုင်ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပေးခဲ့သည်။
ငပုတောမြို့ အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဟောပြောပွဲကျင်းပ
Aug 12,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။