တံတားမြို့အတွင်းရှိဆေးဆိုင်များတွင် သတ်မှတ်ချက်နှင့်အညီကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

တံတား ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိဆေးဆိုင်များတွင် သတ်မှတ်ချက်နှင့်အညီကိုက်ညီမှုရှိသည့် တိုင်းရင်းဆေးဝါးများအား ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့တိုင်းရင်းဆေးကုဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် တံတားမြို့အတွင်းရှိ ဆေးဝါးရောင်းချနေသည့်ဆေးဆိုင်များတွင် သတ်မှတ်ထားသောဆေးဝါးများသာရောင်းချရန်၊ သက်တမ်းလွန်ဆေး ဝါးများမရောင်းချရန်၊ မြန်မာဘာသာနှင့်ရေးသားထားသော ကုန်အညွှန်းမှတ်သားပါသည့်တိုင်းရင်းဆေးဝါးများကိုသာရောင်းချရန်နှင့် ဒေါ်ခင်စန်းရီ၏ဆေးမေတ္တာတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ ထုတ်လုပ်ထားသော ဆေးမေတ္တာအမှတ်တံဆိပ်တိုင်းရင်းဆေးဝါးများဈေးကွက်အတွင်း ရောင်းချခြင်းရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါစစ်ဆေးခြင်းကို တံတားမြို့တိုင်းရင်းဆေးကုဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးဝါးကြီးကြပ်ကော်မတီအဖွဲ့ဝင်များ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသတင်းရရှိသည်။

လှိုင်သူဇာ(ပြန်/ဆက်)