ကယားပြည်နယ်ဝန်ကြီးချုပ် ပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့်စမ်းသပ်မဲပေးခြင်းဆောင်ရွက်မှု ကြည့်ရှုအားပေး
Aug 12,2025
လွတ်လပ်၍တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာဖြင့် ဆန္ဒမဲပေးနိုင်ရန် မြန်မာအီလက်ထရောနစ်မဲပေးစက်များအသုံးပြုသွားမည်ဖြစ်ရာ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်နေပြည်သူများသို့ MEVM အသိပညာပေးခြင်းနှင့်စမ်းသပ်ဆန္ဒမဲပေးခြင်းကို ဩဂုတ်လ ၇ ရက်နေ့နံနက်က ဒေါတမရပ်ကွက်၊ တောင်တန်းသာသနာပြုဗဟိုတပ်ဦးကျောင်းဓမ္မာရုံ၌ပြုလုပ်ရာ ပြည်နယ် အစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးသည်။