သတင်းများ

သာယာဝတီမြို့နယ်၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အကြို ပျိုးပင်များဝေငှခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
May 30,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် သစ်တောဦးစီးဌာန၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဇွန်လ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပျိုးပင်များဝေငှနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မေလ ၃၀ ရက်နေ့၊ နံနက် ၇နာရီက သာယာဝတီမြို့မစျေး၌ ပြုလုပ်ခဲ့သည်။
မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနတွင် သဘာဝဘေး အန္တရာယ်ကျရောက်ပါက ကြိုတင်ကာကွယ်ရန် ပြင်ဆင်ဆောင်ရွက်ထား
May 30,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကျရောက်လာပါက အချိန်နှင့်တစ်ပြေးညီ လျင်မြန်စွာတုံ့ပြန်ကူ ညီဆောင်ရွက်ပေးနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်း အချိန်က မြို့နယ်မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများအသင့်စုဖွဲ့ထားရှိမှု ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာ ဆက်လက်သင်ကြားနိုင်စေရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နေအိမ်အရောက် ကွင်းဆင်းတွေ့ဆုံအားပေး
May 30,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိနေကြသည့် ယာယီနေရပ်စွန့်ခွာပြည်သူ ကျောင်း သား၊ ကျောင်းသူများအနေဖြင့် အခြေခံပညာ ဆက်လက်တက်ရောက်သင်ကြားနိုင်စေရေးအတွက် ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျေးရွာ၊အုပ်စုများရှိနေအိမ်များသို့ လိုက်လံကွင်းဆင်း၍ တွေ့ဆုံပြီး အားပေးကူညီဆောင်ရွက်ပေးခဲ့ကြသည်။
သရက်မြို့၌ သရက်ခရိုင် ပြည်သူ့‌ဆေးရုံ ကျောက်ကပ်သွေးသန့်စင် ဌာနအတွက် အလှူငွေ (၁၀) သိန်းကျပ် ပေးအပ်ပွဲ အခမ်းအနားကျင်းပ
May 30,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်ခရိုင်၊ ပြည်သူ့‌ဆေးရုံ ကျောက်ကပ်သွေးသန့်စင် ဌာနအတွက် အလှူငွေ (၁၀) သိန်းကျပ်ပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်းကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မြဝတီမြို့၌ သဘာဝဘေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ ပစ္စည်း၊ ယန္တရား) စုဖွဲ့မှုနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်
May 30,2025
သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး၊ ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး သဘာဝဘေးအရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး (လူ၊ပစ္စည်း၊ယန္တရား) စုဖွဲ့မှုဖြင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်ဘောလုံးကွင်းနှင့် သောင်ရင်းမြစ်ကမ်းဘေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၌ အထွက်တိုး အောင်နိုင်တိုးမျိုးစပါး ပေးအပ်ပွဲကျင်းပ
May 30,2025
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ မြို့နယ်သမဝါယမဦးစီးဌာနတွင် သမဝါယမအသင်းစုက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ မိုးစပါး စီမံကိန်းအတွက် မိုးစပါးစိုက်ပျိုးကြမည့် သမဝါယမအသင်းသားတောင်သူများအား အထွက်တိုး အောင်နိုင်တိုး စပါးမျိုးများ ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်သမဝါယမ ဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်များ ပြိုလဲပျက်စီး
May 30,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ယမန်နေ့မွန်းလွဲ ၂ နာရီခွဲခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဥက္ကံမြို့၊ ဗိုလ်ချုပ်အောင်ဆန်းရပ်ကွက်ရှိ ဦးတင်မိုးဇော်၏ နေအိမ်ပေါ်သို့ သစ်ပင်တစ်ပင်လဲကျခြင်းနှင့် ဘုရင့်နောင်ရပ်ကွက်ရှိ ဦးသန်းထွန်း၏ နေအိမ်တစ်အိမ် ပြိုလဲပျက်စီးခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် Abate ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်
May 30,2025
ပဲခူးတိုင်းဒေသကြီး (အနောက်) ၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် Abate ဆေးခတ်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက်ပိုင်းက အမှတ် (၃) ရပ်ကွက်သို့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။