သတင်းများ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်
Aug 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အမှတ်(၂၇)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ခေတ္တစုမှူးဒုရဲမှူးအောင်ဇော်ထွန်းဦးစီးအဖွဲ့သည် ဒဂုံ(ဆိပ်ကမ်း) မြို့နယ် အမှတ်(၂) ပဲခူးမြစ်ကူးတံတား(ကုလားဝဲ)အနီး ပဲခူးမြစ်လမ်းမကြီးနှင့်ရတနာလမ်းမကြီးတို့တွင် ယမန်နေ့နံနက်ပိုင်းက ယာဉ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းနောင်မြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေးခြင်း ဆောင်ရွက်
Aug 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း၊ ဗီတာမင်(အေ)နှင့် သန်ချဆေးတိုက်ကျွေးခြင်းများကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအ‌ကြောင်း အသိပညာပေး ဟောပြော
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။ ရှေးဦးစွာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားခဲ့သည်။
မိုင်းယုမြို့၌ ကျောင်းကျန်းမာရေးလှုပ်ရှားမှု သတင်းပတ်ပူးပေါင်းဆောင်ရွက်
Aug 12,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုသတင်းပတ်ဆောင်ရွက်မှုကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းအသိပညာပေးဟောပြော
Aug 12,2025
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်နှင့် ကျောင်းစာအပြင် အခြားပြင်ပဗဟုသုတစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ညနေပိုင်းက ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ကွင်းဆင်းအသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ကြသည်။
ကျိုက်မရော၌ ခဝဲသီးစီးပွားဖြစ် စိုက်ပျိုးသူများစျေးကောင်းရ၍ အဆင်ပြေ
Aug 12,2025
ကျိုက်မရောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများဖြစ်ရာ မိုးရာသီခဝဲသီးများကို တစ်နိုင်တစ်ပိုင် စိုက် ပျိုးကြပြီး ယခုချိန်၌ ခဝဲသီးစျေးလည်းကောင်းသဖြင့် မိသားစုအဆင်ပြေလျက်ရှိနေကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီး၌ အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ
Aug 12,2025
မကွေးတိုင်းဒေသကြီး၊ အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မကွေးတိုင်းဒေသကြီး လူမှု၀န်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီးဦးမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
လဲချားမြို့နယ် နားမန်းကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ မကျန်ရှိစေရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်
Aug 12,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် နားမန်းကျေးရွာအုပ်စုသို့ ၁၁.၈.၂၀၂၅ ရက်နေ့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများ မကျန်ရှိစေရေး ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။