သတင်းများ

ဂန့်ဂေါမြို့နယ်တွင် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ
Jun 02,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် ပြည်သူများ ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိစေရန်အတွက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနနှင့်ဌာနဆိုင်ရာအဖွဲ့များပူးပေါင်း၍ ယနေ့နံနက် ၁၀နာရီအချိန်က မြို့မရပ်ကွက်ရှိ အ-ထ-က (မြို့မ)ကျောင်းရှေ့နှင့် ဂန့်ဂေါ-အနောက်ဂန့်ဂေါ မြစ်သာမြစ်ကူးတံတားထိပ်များသို့ သွားရောက်၍ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
မင်းဘူးမြို့၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးရုံးမှ သဘာဝဘေးဒဏ်ကြောင့် ဓာတ်အားပြတ်တောက်မှုမရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်
Jun 02,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် မိုးဦးကာလနှင့် မိုးရာသီကာလများတွင် သဘာဝဘေးဒဏ်များကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ မရှိစေရန် ကြိုတင်ကာကွယ်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက် လျက်ကြောင်း သိရသည်။
မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းသား/သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနား ကျင်းပ
Jun 02,2025
ရှမ်းပြည်နယ်၊ “၀”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သား/သမီးများကို ပညာသင်ထောက်ပံ့ကြေးပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
လပွတ္တာမြို့နယ်တွင် လပွတ္တာ-ဥက္ကံကျေးရွာသို့ ပြေးဆွဲသည့် ‌"ရွှေဝါထွန်း" ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွား
Jun 02,2025
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် လပွတ္တာမြို့နယ်တွင် ယနေ့နံနက် ၁၁ နာရီအခ့န်က အမှတ်(၆)ရပ်ကွက်၊ ရေပေါ်စျေးကမ်းနားဆိပ်မှ သနပ်ဖက်အုပ်စု၊ ဥက္ကံကျေးရွာသို့ ပြေးဆွဲသည့် ခရီးသည် ကျား(၄၁)ဦး၊ မ(၃၈)ဦး စုစုပေါင်း(၇၉)ဦးခန့် လိုက်ပါလာသော "ရွှေဝါထွန်း" စက်လှေ (အလျား ၂၅ ပေ အနံ ၁၀ ပေ စောက် ၄ ပေ၊ အင်ဂျင်စက် ပွိုင့်ချိုင်းအမျိုးအစား ၁၀၀ HP)အား ရေယာဥ်မောင်း ကိုစိုးပိုင်မောင်းနှင်လာစဥ် ၂ ဖာလုံခန့်အကွာ ရွေးမြစ်အတွင်း စက်လှေဝမ်းဗိုက်ပေါက် နစ်မြုပ်ခဲ့ရာ ခရီးသည်များ ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် နစ်မြုပ်ရာနေရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦး၊ အဖွဲ့၀င်(၁) ဗိုလ်မှူးကြီး အောင်ဘုန်းဟန်၊ မြို့တယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသူရ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင်သက် ပါဝင်သောအဖွဲ့တို့က သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း တောင်ကြီးမြို့နယ်၊ ကျောက်နီမွေးမြူရေးဇုန်တွင် မွေးမြူရေးဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jun 02,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စုအတွင်းရှိ ကျောက်နီမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးရေး ၊မွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ငပုတောမြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ၊ အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်
Jun 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင် ၊ ငပုတောမြို့နယ်တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာန လက်အောက်ရှိ အထက်တန်း၊အ လယ်တန်း၊ မူလတန်း ကျောင်းများအား ယနေ့ စတင်ဖွင့်လှစ်ရာ ကျောင်းသား / သူများ ပျော်ရွှင်စွာ စတင်‌ကျောင်းတက်ရောက်လျက်ရှိကြောင်း သိရသည်။
ကြံခင်းမြို့၌ ယာယီနေရပ်စွန့်ခွာ ကျောင်းသား၊ ကျောင်းသူများအား ငွေကျပ် ၃၅၃၀၀၀ိ တန်ဖိုးရှိ ကျောင်းဝတ်စုံများနှင့် စက်ဘီး တစ်စီးပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jun 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ​ကြံခင်းမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှအကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာ (တိုက်ပွဲရှောင်) ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ငွေကျပ် ၃၅၃၀၀၀ိ/-တန်ဖိုးရှိ ကျောင်းဝတ်စုံ များနှင့် စက်ဘီး တစ်စီးပေးအပ်ပွဲ အခမ်းအနားကျင်းပခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ လာရောက်ကျောင်းအပ်နှံနေမှုများကိုကြည့်ရှုအားပေး
Jun 02,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ်အတွက် မေလ ၂၂ ရက်နေ့မှစတင်၍ ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ်စတင်လက်ခံလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ အတန်းစဉ်အလိုက်ကျောင်းအပ်လက်ခံနေမှုများနှင့် စာသင်ဆောင်များစနစ်တကျပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။