သတင်းများ

ဒက္ခိဏသီရိမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Jun 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်တွင် အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်၊ ရွှေလက်လှစေတီတော်မြတ်ကြီးဝန်းအတွင်းရှိ သာသနာလင်္ကာရဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌  အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Jun 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အစိုးရပါဠိပထမပြန်စာမေးပွဲကို  ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က သီရိမင်္ဂလာသာသာနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
Jun 05,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်၊ ပညာရွှေဖူး ကိုယ်ပိုင်အလယ်တန်းကျောင်း၌ ကျောင်းအပ်နှံရေးအခမ်းအနားကို ဇွန်လ ၂ ရက်နေ့ နံနက် ၈ နရီခွဲက အဆိုပါ ကျောင်းခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပျဉ်းမနားမြို့နယ် ပြူတွင်းကျေးရွာ၌ စပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရန်၊ ရှောင်ရန်အချက်များ အသိပညာပေးဆွေးနွေး
Jun 05,2025
ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပြူတွင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တူညီဝတ်စုံ(Uniform)များ ချီးမြှင့်ပေးအပ်
Jun 05,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား တူညီဝတ်စုံ(Uniform)များ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို ဇွန်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ်မိခင်နှင့်ကလေးစောင့်‌‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာယကမှ မူလတန်းကြိုကျောင်းကလေးများအား အာဟာရကျွေးမွေးလှူဒါန်း
Jun 05,2025
ရှမ်းပြည်နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ညိုမီစောမှ ရပ်စောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းပိုင်မူလတန်းကြိုကျောင်းရှိ ကလေးများအား အာဟာရဒါနလှူဒါန်းခဲ့‌ကြောင်း သိရသည်။
၂၀၂၅ -၂၀၂၆ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပြင်ဦးလွင်မြို့တွင် ကျောင်းသား/ကျောင်းသူပေါင်း   ၆၃၇၈၈  ‌ကျော် တက်ရောက်ပညာသင်ကြား
Jun 05,2025
၂၀၂၅-၂၀၂၆  ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများသည် ဇွန်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်လျက်ရှိပြီး ပြင်ဦးလွင်မြို့တွင် ကျောင်းသား /ကျောင်းသူပေါင်း ၆၃၇၈၈ ကျော် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း အခြေခံပညာဦးစီးဌာန ပြင်ဦးလွင်ခရိုင်ပညာရေးမှူး  ဦးကျော်ကျော်မွန်ထံမှ သိရသည်။
ဇေယျာသီရိမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို
Jun 05,2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြည်စံအောင်ရပ်ကွက်၊ ရတနာစံကျောင်းတိုက်ရှိ ရတနာဘိမတဗိမာန်တော်၌ ယမန်နေ့ မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။