Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရန်ကုန်- မန္တလေး ပြည်ထောင်စုလမ်းမကြီးဘေး ဝဲ၊ ယာ ရေစီးရေလာကောင်းမွန်စေရေးနှင့် စိုက်ပျိုးရေရရှိရေး ကွင်းဆင်းစစ်ဆေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Jun 05,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်- မန္တလေး ပြည်ထောင်စုလမ်းမကြီးသို့ သွားရောက်ပြီး လမ်းဘေး ဝဲ၊ ယာ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လမ်းဘေးရေမြောင်းများအတွင်း စနစ်တကျရှင်းလင်းဆောင်ရွက်ထားရှိရေး၊ ရေမြောင်းများအား သတ်မှတ်ချက်အတိုင်း ပြန်လည်တူးဖော်ဆောင်ရွက်ရေး၊ Box Culvert များတွင် အမှိုက်များပိတ်ဆို့မှုမရှိစေရေး၊ လမ်းဧရိယာအတွင်း ကျူးကျော်အဆောက်အဦများမရှိစေရေး၊ လမ်းဘေး ဝဲ၊ ယာ ချုံနွယ်များ ရှင်းလင်းထားရှိရေးတို့ကို မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အောင်မြေသာစံမြို့နယ် ရွှေနှင်းဆီဓမ္မာရုံတွင် ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနား ကျင်းပ
Jun 05,2025
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ဇွန်လ ၂ ရက်နေ့မွန်းလွဲ ၂နာရီက အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၈၆လမ်း၊၁၃/၁၄လမ်းကြားရှိ နှင်းဆီခြံကိုးခန်းဓမ္မာရုံ၌ ကျင်းပသည့် ပြည်သူလူထုနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင် စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ ပညာသင်ကြားနေမှုအား ကြည့်ရှုအားပေး
Jun 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြိတ်မြို့၊ သမုတ်စံပြကျေးရွာရှိ စိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်ကာ စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ စိုက်ပျိုးရေးကုန်ကြမ်းသီးနှံအခြေခံ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း(Bakery and Snack) သင်တန်းဆင်းပွဲ ပြုလုပ်
Jun 05,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးပြုလုပ်သော စိုက်ပျိုးရေးကုန်ကြမ်းသီးနှံ အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (Bakery and Snack) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဦးသက်နိုင် နွေရာသီလူငယ်ဘင်ခရာသင်တန်းဆင်းပွဲ တက်ရောက်
Jun 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအား နွေရာသီဘင်ခရာသင်တန်းကို ဧပြီလ ၁၈ ရက်နေ့ မှ စတင်၍ ဇွန်လ ၂ ရက်နေ့အထိ ၄၅ ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီးဖြစ်ရာ သင်တန်းဆင်းပွဲကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြိတ်မြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်နေရာအား မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်အုပ်စုရှိ အခြေခံပညာ အထက်တန်းကျောင်း အ-ထ-က ပုသိမ်ကြီးတွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် Camp သွင်း သင်ကြားသည့်နေရာအား ဇွန် ၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်ခရိုင် စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ
Jun 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲရေးအကောင်အထည်ဖော်ရေးကော်မတီမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ခရိုင်အထွေထွအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကျင်းပ
Jun 05,2025
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် မီးသတ်ဦးစီးဌာန၌ ဇွန်လ ၂ ရက်နေ့နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ရှာဖွေကယ်ဆယ်ရေးစွမ်းရည် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
657
Page
658
Page
659
Page
660
Current page
661
Page
662
Page
663
Page
664
Page
665
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department