ပခုက္ကူ ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ပခုက္ကူခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီကဦးဆောင်၍ ပခုက္ကူမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပခုက္ကူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ကော်မတီဝင်များ၊ ပခုက္ကူမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်ကော်မတီဝင်များ၊မြို့နယ်မီးသတ်ဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့် ကလေးစောင့်ရှောက်အသင်းနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ပူးပေါင်းအဖွဲ့များက ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် အမှတ်(၁၆)အခြေခံပညာမူလတန်းလွန်(မြင်သာဆန်တန်း)ကျောင်းများသို့ ကွင်းဆင်း၍ ခြင်မှတစ်ဆင့် ကူးစက်တတ်သော သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်စေရန်ရည်ရွယ်၍ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး၊ သွန်၊ လဲ၊ စစ်ဆောင်ရွက်ပြီး ပိုးလောက်လမ်း ရှိ/မရှိ စစ်ဆေးခြင်း၊ ရေတွင်း/ ရေကန်များအား အဘိတ်ဆေးခတ်ခြင်း၊ ရာသီတုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ပွားစေရေး ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)