သတင်းများ

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်ပ
Jun 05,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌ဒေသ ရွာငံမြို့နယ်၊ ကျောက်မြောင်းကျေးရွာအုပ်စု၊ တောင်ခေါင်းပွာကျေးရွာတွင် မြို့နယ်သစ်‌တောဦးစီးဌာနမှကြီးမှူး၍ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် (၈) နာရီခွဲက တောင်ခေါင်းပွာအခြေခံပညာ မူလွန်ကျောင်းဝန်းအနီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုနှင့်ကော်ဖီ၊ ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်
Jun 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဇွန်လ ၃ ရက်နေ့ နံနက် ၉နာရီအချိန်က ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုနှင့် ကော်ဖီ၊ ကိုကိုးပျိုးပင်များ အခမဲ့ပေးအပ်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရွှေသီလာရတနာခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Jun 05,2025
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ် ဆေးထိုးခြင်းနှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက်( ၁ ၊ ၂ ၊ ၃ )အုပ်အုစုများမှ ရပ်ကွက်များအတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ယနေ့နံနက်ပိုင်းက  အမှတ် ( ၁ ၊ ၂ ၃ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တို့အား ရှင်းလင်းဆွေးနွေး
Jun 05,2025
ပျော်ဘွယ်မြို့နယ်တွင် မန္တလေးမြေငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့သည့် အဆောက်အဦများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းစဉ်တို့အား ရှင်းလင်းဆွေးနွေးပွဲကို ဇွန်လ (၃) ရက်၊ နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။
စဉ့်ကိုင်မြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jun 05,2025
မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ ကျေးရွာများကို ရွေးချယ်၍ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးရေးနှင့် ကျေးလက်နေပြည်သူများ တဖက်တလှမ်းမှ မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်‌ရွက်လျက်ရှိသည့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုနည်းပညာသင်တန်းကို ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်က ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ထန်းသုံးပင်စံပြ ကျေးရွာ ရွာလယ်ဓမ္မာရုံအတွင်း၌ ဖွင့်လှစ်ခဲ့သည်။
ကရင်ပြည်နယ်တွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးမည်
Jun 05,2025
ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး လျာထားဧကပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်ရေး တောင်သူစည်းရုံးပညာပေးလုပ်ငန်းများ၊ မြေယာထွန်ယက် ပြုပြင်ပျိုးထောင်စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြသည်။
ရေဖြူမြို့နယ်တွင် လယ် (၆၂၀) ဧကအတွက် ကျပ် (၁၂၄၀) သိန်းနှင့်ညီမျှသော မျိုးစပါး/သွင်းအားစုများ ပေးအပ်
Jun 05,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) သမဝါယမကဏ္ဍမှမြို့နယ်အတွင်းရှိ လယ် (၆၂၀) ဧကအတွက် ကျပ် (၁၂၄၀)သိန်း နှင့်ညီမျှသော မျိုးစပါး/သွင်းအားစု ပေးအပ်ပွဲကို ဇွန်လ ၃ ရက်နေ့ နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့တွင် ဒဿမအကြိမ် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကျင်းပ
Jun 05,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သားဖွားသင်တန်းကျောင်း (ပြင်ဦးလွင်)၏ ဒဿမအကြိမ်ဘက်စုံသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ဇွန်လ ၃ ရက်နေ့ နံနက် (၉) နာရီအချိန်က ပြင်ဦးလွင်မြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပြုလုပ်သည်။