မှော်ဘီမြို့နယ်တွင် မြန်မာ့အီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဉ် (၉) ဖွင့်လှစ်

မှော်ဘီ ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ် အ-ထ-က (၁)ပညာရတနာခမ်းမ၌ ယမန်နေ့နံနက် (၉) နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ်(၉)အားစာတွေ့၊ လက်တွေ့ များကို မြို့နယ်ထွေအုပ်၊ လဝက၊ စည်ပင်၊ ပညာရေးနည်းပြများဖြင့် ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) စက်အား ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးမှူး ဒေါ်တင်ဇာလွင်နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများနှင့် သင်တန်းသား/သင်တန်းသူ(၁၀၅) ဦးတက်ရောက်လျက်ရှိပြီး သင်တန်းအား ဩဂုတ်လ(၁၁)ရက်နေ့မှ ဩဂုတ်(၁၂)ရက်နေ့အထိ သင်တန်းအပတ်စဥ် (၉) ဖြင့် သင်ကြား‌ပေးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဝင်းဇော် (ပြန်/ဆက်)