လားရှိုးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ

လားရှိုး မတ်၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးရာတွင် အချိန်နှင့်တစ်ပြေးညီ ထုတ်ယူရရှိစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိနေပြီး  အခက်အခဲတစ်စုံတစ်ရာရှိပါက ကူညီဖြေရှင်းဆောင်ရွက်ပေးခြင်းများကို ဘဏ်မန်နေဂျာ၏ ကြီးကြပ်မှုဖြင့် ဘဏ်ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် လစဉ်ပင်စင်စတင်ထုတ်ပေးသည့် (၂၁)ရက်နေ့တွင် ပျှမ်းမျှအားဖြင့် ပင်စင်စား ဦးရေ (၁၅၀၀) ခန့် လာရောက်ထုတ်ယူကြကြောင်း သိရသည်။

လားရှိုးမြို့တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို ယခင်လက လားရှိုးပြည်သူ့ဆေးရုံကြီးတွင်ပြုလုပ်ပေးခဲ့ရာ  အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများက  စမ်းသပ်ကုသမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)