တောင်တွင်းကြီး မတ် ၂၁
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်ကလေးဘဝမှစတင်၍ စာအုပ်စာပေနှင့် ရင်းနှီးစေရန်၊ စာကြည့်တိုက်များသို့ စဉ်ဆက်မပြတ် ဝင်ထွက်သွားလာတက်သည့် အလေ့အထများ ဖြစ်ပေါ်စေရန်၊ စဉ်းစားတွေးခေါ်မှု အားကောင်းစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် မတ်လ ၁၉ ရက်နေ့ နံနက် (၁၀) နာရီအချိန်က ညဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူလေ့လာရန် လိုအပ်သလို ပြင်ပဗဟုသုတ ရရှိစေမည့် စာအုပ်စာပေများကိုလည်း လေ့လာဖတ်ရှုမှတ်သားရန်နှင့် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြရမည့် အနာဂတ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတက်ပညာများနှင့် ဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး ညဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား မြတ်သူစံ (ဝါးခယ်မ) ရေးသားသည့် ညဏ်ရည်တိုးလို့ ပျော်ရွှင်ဖို့ ပူတူးတူးလေး ဖတ်ကြစို့ စာအုပ်ဖြင့် မေးခွန်းများမေး၍ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာမိမိတို့ အတွေးအမြင်များကို ဖြေဆိုခဲ့ကြပြီး စာကြည့်တိုက်သို့ စာငှားစာဖတ်လာရောက်ကြသည့် ကလေးငယ်(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)