Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မင်းဘူး(စကု)မြို့နယ်၌ နွေစပါး ဧက ၁၀၀၀၀ ကျော် စတင်စိုက်ပျိုးလျက်ရှိ
Mar 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၌ နွေစပါး ဧက ၁၀၅၀ ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ ယခုအချိန်တွင် စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဗ္ဗသီရိမြို့နယ်၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် အမှိုက်သရိုက်များ မီးရှို့ခြင်းများ မပြုရန် အသိပညာပေးကွင်းဆင်းဆောင်ရွက်
Mar 28,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးအတွက် အမှိုက်သရိုက်များ မီးရှို့ခြင်းများမပြုရန် အသိပညာပေးကွင်းဆင်း ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများသို့ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ မြန်မာစာ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲကျင်းပ
Mar 28,2024
စာစီစာကုံးသင်တန်းတွင် တက်ရောက်သင်ကြားနေကြသော ကျောင်းသားလူငယ်များအနေဖြင့် မြန်မာစာရေးသားရာတွင် စာလုံးပေါင်းသတ်ပုံများ မှန်ကန်စွာရေးသားနိုင်ရန်နှင့် သင်ကြားပေးထားသောသင်ခန်းစာများ မှတ်သားနားလည်နိုင်မှုကို ဆန်းစစ်သိရှိနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းတွင် မြန်မာစာ စာလုံးပေါင်းသတ်ပုံ ပြိုင်ပွဲကျင်းပဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ဒေါပုံမြို့နယ်တွင် အသံမစဲ မဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ ကျင်းပ
Mar 28,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘေးအန္တရာယ် ကင်းရှင်းစေရန် ရည်ရွယ်၍ အသံမစဲမဟာပဋ္ဌာန်းကျမ်းတော် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီအချိန်က ပြသာဒ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းဘူးမြို့တွင် မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်မံသင်တန်းများ ဖွင့်လှစ်ပို့ချ
Mar 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မင်းဘူးမြို့၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် မူလတန်းဆင့်နှင့် အလယ်တန်းဆင့် ဘာသာရပ်စွမ်းရည်မြှင့်မွမ်းမံသင်တန်းနှင့် ဆွေးနွေးပွဲများကို အ.ထ.က (၁) နှင့် အ.ထ. က (၂) အခြေခံပညာအထက်တန်းကျောင်းများတွင် ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သောက်သုံးရေရှားပါး ပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများ လှူဒါန်းပေး
Mar 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍ ရေရှားပါးမှုနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများအား မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ယနေ့ နေ့လယ်ပိုင်းက မဟာဝိစ္စာရာမကျောင်းတိုက်သို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စေတုတ္တရာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်
Mar 28,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးလုံခြုံရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မြို့မဈေးနှင့် ပန်းခြံအနီးဈေးဆိုင်ခန်းများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Mar 28,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၆ ရက်နေ့ နံနက် ၀၉း၃၀ နာရီအချိန်က ဗိုလ်တထောင်မြို့အမှတ်(၄)ရပ်ကွက်၊ (၅၅)လမ်းအမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
6548
Page
6549
Page
6550
Page
6551
Current page
6552
Page
6553
Page
6554
Page
6555
Page
6556
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department