ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သောက်သုံးရေရှားပါး ပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများ လှူဒါန်းပေး

ဒဂုံမြောက် မတ်၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၌ ပူပြင်းခြောက်‌သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်၍  ရေရှားပါးမှုနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများအား မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ယနေ့ နေ့လယ်ပိုင်းက မဟာဝိစ္စာရာမကျောင်းတိုက်သို့ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့သွားရောက်လှူဒါန်းရာတွင် အမှတ်(၁၆)ရပ်ကွက်၊ ရှင်ထွေးညိုလမ်းရှိ မဟာဝိစ္စာရာမကျောင်းတိုက်တွင် သောက်သုံးရေ ပြတ်လပ်မှု မဖြစ်ပေါ်စေရေးအတွက် သောက်သုံးရေ (၃၂၀၀) ဂါလန်အား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဉီးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၃)ဦးတို့ဖြင့် သွားရောက်  လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ရေရှားပါးမှုနှင့် ရေပြတ်လပ်မှုမရှိစေရေးအတွက် သောက်သုံးရေများ လိုအပ်ပါက မြို့နယ်မီးသတ် ဦးစီးဌာန ဖုန်းနံပါတ် (၀၁၃၅၈၄၀၆၀) သို့ အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ် မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)