စေတုတ္တရာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီး‌ဘေးလုံခြုံရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်

စေတုတ္တရာ မတ် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီး‌ဘေးလုံခြုံရေးနှင့်‌ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မြို့မဈေးနှင့် ပန်းခြံအနီးဈေးဆိုင်ခန်းများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိကြီးကြပ်မှုဖြင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသက်နိုင်နှင့် ဈေးကော်မတီဝင်များက ပူးပေါင်း၍ မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးနှင့် မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဈေးဆိုင်များ လျှပ်စစ်ဝါယာကြိုးများ ပေါက်ပြဲမှုရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ/ မီးပလပ်ပေါက်များ ဟောင်းနွမ်းနေပါက လဲလှယ်တပ်ဆင်အသုံးပြုစေရေး၊ မီးဘေးလုံခြုံရေးအတွက် ဈေးအနီး အမှိုက်သရိုက်များအား ဈေးသူ၊ ဈေးသားများ စနစ်တကျစွန့်ပစ်ရေး၊ မီးသတ်ဆေးဘူးများ၊ ရေပုံးများ၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်များ၊ ရေကန်များ၌ ရေများဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ပါကြောင်း အကြံပြုကွင်းဆင်းစစ်‌ဆေး၍ မီးသတ်တပ်ဖွဲ့ဝင်များက ရေများပက်ဖြန်းကာ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)