သတင်းများ

ကျိုက်မရော၌ မုန်လာဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများမိသားစုအပိုဝင်ငွေရ
Mar 29,2024
ကျိုက်မရောမြို့နယ်၊ မြွေဟောက်ကျေးရွာ၌ ရာသီပေါ်သီးနှံများနှင့် မုန်လာဥပင်များကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုကြရာ မုန်လာဥများအောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး စျေးကောင်းလည်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကာအဆင်ပြေလျက်ရှိကြောင်း မုန်လာဥအများအပြားစိုက်ပျိုးသူဦးဘဆွေမှ ပြောသည်။
ကျောက်ဆည်မြို့၌ မြို့နယ်အဆင့် အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်
Mar 29,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားလာစေရေး၊ ဘာသာရပ်သင်ခန်းစားများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှု နယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်အောင်မြင်သော သင်ကြားသင်ယူမှုဖြစ်စေရေး၊ တတ်မြောက်မှုကို စစ်ဆေးတိုင်းတာရာတွင် မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့် ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှု စွမ်းရည်၊ တွေးခေါ်မျှော်မြင်မှုစွမ်းရည်ကို ဖော်ပြေသော စစ်ဆေးတိုင်းတာမှုဖြစ်စေရေး၊ အခြေခံပညာ အဆင့်အလိုက် အတန်းကူးပြောင်းနှုန်း မြင့်မားစေရေးတို့အား ရည်ရွယ်ပြီး အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်ပြီး ဆွေးနွေးမှုများ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့နယ်တွင် စားသောက်ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းရှင်းစေရေး တာဝန်ရှိ သူများစစ်ဆေး
Mar 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် ရေပေါ်ဈေး အတွင်း၌ ရောင်းချသည့် စားသောက်ကုန် ပစ္စည်းများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့် စားသုံးသူရေးရာ ဦးစီးဌာနမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင်ကုန်စုံဆိုင်များ၊ ကုန်ခြောက်ပစ္စည်း အရောင်းဆိုင်များရှိ စားသောက်ကုန်ပစ္စည်း ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စစ်ဆေး ခဲ့ကြောင်းသိရသည်။
ပဲခူးမြို့၌  ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ
Mar 29,2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ပရိယတ္တိသာသနာထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မာဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ ယမန်နေ့၌(သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-၁) ကျမ်းရင်းကို ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၄၁၁)ပါး ကြွရောက်ဖြေဆိုတော်မူကြကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်တွင် ရေယာဉ်များ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးကြပ်မတ်စစ်ဆေး
Mar 29,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၄) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ ရေယာဉ်စစ်ဆေးရေးဂိတ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်သည့် ရေယာဉ်များအား ဥပဒေနှင့် အညီ လိုက်နာဆောင်ရွက်နိုင်ရေး ကြပ်မတ်စစ်ဆေးလျက်ရှိသည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေး
Mar 29,2024
သုတ/ရသ စာအုပ်စာစောင်များကို လေ့လာဖတ်ရှုချင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပုလောမြို့နယ် ပြည်သူ့စာကြည့်တိုက်ကို လာရောက်ငှားရမ်းဖတ်ရှုနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုများ အဆင်ပြေစွာဖြင့် စာပေကို လေ့လာဖတ်ရှုနိုင်ရေးနှင့် စာဖတ်ရှိန် တိုးတက်လာစေရေးကို မျှော်တွေး၍ ယနေ့ နံနက် ၁၀ နာရီခွဲက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းမိသားစုများကို သွားရောက်၍ သုတ/ရသ စာအုပ်စာစောင်များကို နယ်လှည့် ကွင်းဆင်း၍ ကွင်းဆင်းငှားရမ်းဆောင်ရွက်ပေးခဲ့သည်။
မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းဖွင့်လှစ်
Mar 29,2024
စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကလေးလူငယ်များ တစ်ဦးချင်းနှင့် မိသားစုဝင်များ၏ လိုအပ်ချက်များကို အချိန်နှင့် တစ်ပြေးညီ စနစ်တကျသင့်တော်မှုရှိစွာဖြင့် တိုက်ရိုက်ပံ့ပိုးကူညီခြင်း၊ ညွှန်းပို့လွှဲပြောင်းခြင်းနည်းလမ်းများဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများအား သိရှိစေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု အသိပညာပေးသင်တန်းဖွင့်ပွဲကိုယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့တွင် လူထုအခြေပြုဗဟိုဌာန၌ ကျောင်းစာကြည့်တိုက်လုပ်ငန်း ဆွေးနွေးပွဲကျင်းပ
Mar 29,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းစာကြည့်တိုက်လုပ်ငန်း ဆွေးနွေးပွဲကို ​ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။