ပဲခူးမြို့၌  ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ပဲခူး မတ် ၂၉

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ပရိယတ္တိသာသနာထွန်းကားပြန့်ပွားစေရန်ရည်ရွယ်၍ ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မာဗိမာန်တော်ကြီး၌ကျင်းပပြုလုပ်ရာ ယမန်နေ့၌(သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ-) ကျမ်းရင်းကို ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၄၁၁)ပါး ကြွရောက်ဖြေဆိုတော်မူကြကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ပဲခူးမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များနှင့် ဓမ္မာစရိယကြီးကြပ်ရေးဆရာတော်များ၏ အနီးကပ်ကြီးကြပ်တို့မှုဖြင့်ဖြေဆိုကြပြီး စာမေးပွဲအဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက စာဖြေသံဃာတော်များနှင့် သီလရှင်များအား အအေးများ၊ ရေသန့်ဗူးများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)