ကျောက်ဆည် မတ် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှု စွမ်းရည်မြင့်မားလာစေရေး၊ ဘာသာရပ်သင်ခန်းစားများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှု နယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်အောင်မြင်သော သင်ကြားသင်ယူမှုဖြစ်စေရေး၊ တတ်မြောက်မှုကို စစ်ဆေးတိုင်းတာရာတွင် မေးခွန်းကောင်းတို့၏ အင်္ဂါရပ်များနှင့် ကိုက်ညီပြီး တီထွင်ဖန်တီးနိုင်မှု စွမ်းရည်၊ တွေးခေါ်မျှော်မြင်မှုစွမ်းရည်ကို ဖော်ပြေသော စစ်ဆေးတိုင်းတာမှုဖြစ်စေရေး၊ အခြေခံပညာ အဆင့်အလိုက် အတန်းကူးပြောင်းနှုန်း မြင့်မားစေရေးတို့အား ရည်ရွယ်ပြီး အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်ပြီး ဆွေးနွေးမှုများ ဆက်လက်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
မူလတန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲတွင် နည်းပြ (၂၄) ဦးနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ (၃၇၀)ဦး၊ အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲတင် နည်းပြ (၆၄) ဦး သင်တန်းသားသင်တန်းသူ ဆရာ/ဆရာမ (၁၀၆၁) ဦး ပါဝင်ဆွေးနွေး ခဲ့ကြောင်း သိရှိရပြီး ကျောက်ဆည်မြို့နယ်တွင် အခြေခံပညာမူလတန်းကျောင်း (၁၃၀) ကျောင်း၊ မူလွန်ကျောင်း (၂၅) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ) (၉) ကျောင်း၊ အလယ်တန်းကျောင်း (၂)ကျောင်း၊ အထက်တန်း ကျောင်းခွဲ (၉)ကျောင်း၊ အထက်တန်းကျောင်း (၁၁)ကျောင်း စုစုပေါင်း (၁၈၆) ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဘာသာရပ်ဆိုင်ရာ စွမ်းရည်မြှင့် ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ သင်ယူတတ်မြောက်မှု စွမ်းရည် မြင့်မားလာပြီး၊ ဘာသာရပ်သင်ခန်းစာများတွင် သိမှုနယ်ပယ်၊ ကျွမ်းကျင်မှု နယ်ပယ်၊ ခံစားမှုနယ်ပယ်များအလိုက် ထိရောက်အောင်မြင်သော သင်ကြားသင်ယူများ ကိုက်ညီပြီး တီထွင်ဖန်တီးမှု စွမ်းရည်၊ တွေးခေါ်မျှော်မြင်မှုစွမ်းရည်များ ဖော်ပြသော စစ်ဆေးတိုင်းတာမှုများ ဖြစ်လာကာ အခြေခံပညာ အဆင့်အလိုက် အတန်းကူးပြောင်းနှုန်း မြင့်မားလာစေမှာဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)