ရွှေသောင်ယံ ဧပြီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယမန်နေ့နံနက်(၁၀)နာရီက အသက်(၂)လမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကိုဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လိုအပ်သော ကျန်းမာရေးများ စစ်ဆေး၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရာ ရွှေသောင်ယံမြို့ ရပ်ကွက်(၁၊ ၂၊ ၃)မှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များ လာရောက်၍ ကာကွယ်ဆေးများ ထိုးနှံခဲ့ကြကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)