သတင်းများ

ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသစ်ဖွင့်ပွဲ ကျင်းပ
Feb 22,2024
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်သစ်ဖွင့်ပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါခန်းမရှေ့၌ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ် သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားပြောကြားသည်။
လယ်ဝေးမြိုနယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်
Feb 22,2024
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြိုနယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများအား ယနေ့မွန်းလွဲပိုင်းက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။    
မိုးညှင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းဆောင်ရွက်
Feb 22,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ပင်စင်လစာ လာရောက်ထုတ်ယူလျက် ရှိသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရကျွေးမွေးခြင်းများကို ယမန်နေ့နံနက်(၈)နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်(မိုးညှင်း)၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရေစကြိုမြို့နယ်တွင် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးနှင့်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်
Feb 22,2024
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း၊ မြို့နယ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဆောင်ပြီး လျှပ်စစ်ဓာတ်အားလိုင်းများအား ဓာတ်အားအပြည့်အဝရရှိရေး ဆောင်ရွက်လျက်ရှိသည်။
ဗန်းမော်မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Feb 22,2024
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ ဆေးကုသ သံဃာဆောင်တွင် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်း၊ ပင်စင်စားများကို ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဝါးကုသမှု ခံယူနိုင်ရေးနှင့် အဟာရဒါနပြုခြင်းများကို ယမန်နေ့နံနက် (၇)နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်၌ အင်းကုန်း (တ) ကျေးရွာရှိ ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေး
Feb 22,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အင်းကုန်း(တ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ဆွေးနွေးဆောင်ရွက်သည်။
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အဖွဲ့ ဟင်္သာတမြို့နယ်အတွင်းရှိ တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများ ကြည့်ရှုစစ်ဆေး
Feb 22,2024
ပညာရေးဝန်ကြီးဌာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးဝင်းနှင့် တိုင်း၊ ခရိုင် ​မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ​ယမန်နေ့နံနက်ပိုင်းကဟင်္သာတမြို့ နတ်မော်ကျေးရွာ/အုပ်စုရှိ နတ်မော်အ.ထ.ကကျောင်း အနီးတွင် ဆောက်လုပ်လျက်ရှိသော စက်မှု၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးအထက်တန်းကျောင်း RC နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် နတ်မော်(အ.ထ.က)ကျောင်းအုပ်ကြီး ဒေါ်မြင့်မြင့်ဝင်းနှင့် ဆရာ/မများအား တွေ့ဆုံ၍ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအား အောင်ချက်မြင့်မားရေးနှင့် သင်ကြားမှုဆိုင်ရာများအား လမ်းညွှန်မှာကြားခဲ့သည်။
ပန်းတနော်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ဒေသခံပြည်သူများ သိရှိနားလည်စေရန် သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေ
Feb 22,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ သိရှိနားလည်နိုင်စေရန်ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများပါဝင်သော သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက မြို့မစျေးနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။