သတင်းများ

နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲကျင်းပ
Feb 17,2024
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
(၃၃)နှစ်မြောက် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ
Feb 17,2024
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် (၃၃)နှစ်မြောက် ဌာနနှစ်ပတ်လည် ထပ်ဆင့် ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ကျင်းပရာ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဝေဝေဖြိုးနှင့် မန္တလေးခရိုင်တွင်းမှ အရာရှိ၊ အရာထမ်း၊ စာရေး၊ ဝန်ထမ်းများ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးအတွင်းရှိ ကျန် ခရိုင်၊ မြို့နယ်များမှ အရာရှိ၊ အရာထမ်း၊ စာရေး၊ ဝန်ထမ်းများမှာ online zoom meeting ဖြင့် တက်ရောက်ခဲ့ကြသည်။
တာချီလိတ်ခရိုင်အတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေး အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်
Feb 17,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ မီးခိုးမြူငွေ့လျှော့ချရေး ဟောပြောပွဲများအား ဌာနဆိုင်ရာများနှင့်ပူးပေါင်းကာ ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
လားရှိုးမြို့ မြန်မာဆက်သွယ်ရေးလုပ်ငန်းရုံး MPT တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဆောင်ရွက်
Feb 17,2024
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ လားရှိုးမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT နှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြ မီးငြှိမ်းသတ်နည်းဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က လားရှိုးမြို့၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးတွင် ပြုလုပ်သည်။
နောင်ချိုမြို့နယ်တွင် မီးဘေးလုံခြုံရေး စစ်ဆေးလျက်ရှိ
Feb 17,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးစေရန် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က သပြေရေရပ်ကွက်ရှိ ဘိုးဘွားရိပ်သာသို့ သွားရောက်စစ်ဆေး ဆောင်ရွက်ခဲ့ကြသည်။
လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုဒ်ဦးရေစက်ချ မင်္ဂလာအခမ်းအနားကျင်းပနိုင်ရေး အစည်းအဝေးပြုလုပ်
Feb 17,2024
လားရှိုးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့် မန်ဆူစေတီတော်မြတ်ကြီး၏ မုဒ်ဦးရေစက်ချ မင်္ဂလာအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မန်ဆူစေတီတော်မြတ်ကြီးရှိ ရင်ပြင်တော်တွင် ပြုလုပ်သည်။
မုဒုံမြို့တွင် နွေရာသီအားကစားနည်းသင်တန်း(၅)မျိုး အခမဲ့ဖွင့်လှစ်မည်
Feb 17,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလများ၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားနည်း(၅)မျိုးကို  မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခမဲ့သင်ကြားဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖလား ၂၀၂၄ ဂေါက်သီးရိုက်ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Feb 17,2024
မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော(President Cup)ဥက္ကဋ္ဌဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ၏ မျိုးဆက်သစ်လူငယ်အဆင့်ပြိုင်ပွဲ ဒုတိယနေ့ကို ရန်ကုန်မြို့ (၉)မိုင် ပြည်လမ်းရှိ မြန်မာဂေါက်သီးရိုက်အသင်း၌ ယမန်နေ့တွင် ဆက်လက်ကျင်းပသည်။