သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲကျင်းပ
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ မင်္ဂလာတောင်ညွန့်မြို့နယ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့အလုပ်အမှုဆောင်အဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်(၁၀း၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်း စာမေးပွဲ စတုတ္ထနေ့ (ပထဝီဝင်)ဘာသာရပ်အေးချမ်းစွာဖြေဆို
Feb 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် နှစ်ဆုံးကျောင်းတွင်းစစ်ဆေးခြင်းစာမေးပွဲကို ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ  (၂၀)ရက်နေ့အထိ  စစ်ဆေးသွားမည်ဖြစ်ရာ စတုတ္ထနေ့(ပထဝီဝင်)ဘာသာရပ်အား ယနေ့နံနက်(၉) နာရီအချိန်တွင် သံတောင်ကြီးမြို့  အခြေခံပညာအထက်တန်းကျောင်းတွင် Grade – 4၊ Grade – 6 ၊ Grade – 7၊ Grade – 8၊ Grade – 10၊ Grade – 11 ကျောင်းသား/ကျောင်းသူများက အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။         
ဒေသဝမ်းစာဖူလုံရေး၊ စားရေရိက္ခာဖူလုံရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နူန်းရရှိရေးနှင့် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရေးနည်းပညာပေး ဆွေနွေးပွဲကျင်းပ
Feb 16,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့အတွင်းမှ တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးရာတွင် စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်ပြီး စိုက်ပျိုးရေး နည်းပညာပေးပွဲကို ဖေဖော်ဝါရီလ(၁၄)ရက်နေ့က ပန်ဆောင်မြို့ ရိပ်သာခန်းမ၌ ကျင်းပခဲ့သည်။
သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer)ပဉ္စမအကြိမ်ထိုးနှံပေး
Feb 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရန်အတွက် အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်း ဆရာ/ဆရာမများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ခြေခံပညာအထက်တန်း ကျောင်းဝင်းရှိ မိုးလုံလေလုံ အားကစားခန်းမတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ရွှေတောင်မြို့နယ်၊ အ.ထ.က ညောင်စာရေးကျောင်း၌ သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေး
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ အ.ထ.က ညောင်စာရေးကျောင်း၌ ပြည်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများသည် လူငယ်များ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး ဗဟုသုတတိုးပွားလာစေရန်နှင့် ဆောင်ရန်ရှောင်ရန်များကို သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းပြီး ဝမ်းတွင်းမြို့မဈေးနှင့် သဲတောဈေးတို့တွင် ဆောင်ရွက်ခဲ့သည်။
စပါးရိုကျေးရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Feb 16,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဝါးခယ်မမြို့နယ်၊ စပါးရိုကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူး ဖြိုးဝေလင်းနှင့် အဖွဲ့များမှ ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မိတ္ထီလာ၌  အသက် ၆၅ နှစ်နှင့်အထက်ပြည်သူများအား Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံခြင်း ဆောင်ရွက်
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်၌ အသက် ၆၅ နှစ်နှင့်အထက် ပြည်သူများအား Pfizer COVID-19 ရောဂါကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အောင်မင်္ဂလာခန်းမတွင်  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနှင့် ခရိုင်ကုသရေးဦးစီးဌာနတို့ပူးပေါင်းပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။