မိုင်းပျဉ်းမြို့၌ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပွဲ ကျင်းပ

မိုင်းပျဉ်း မေ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင်လှစ်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ယနေ့နံနက်(၇)နာရီက ပိန်းဆန်းရပ်ကွက်၊ သစ္စာလမ်းရှိ အဆိုပါရုံးနေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ လွှတ်တော်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပွဲသို့ တက်ရောက်လာသူများက နိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုကြသည်။ ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ ရှမ်းပြည်နယ်လွှတ်တော် ဒုတိယ-ဥက္ကဋ္ဌ ဦးစိုင်းထွန်းစိန်နှင့် မိုင်းပျဉ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလောင်းတို့က လွှတ်တော်ကိုယ်စားလှယ်ရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာကြသော ဧည့်ပရိတ်သတ်များအား အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြ‌ကြောင်း သိရသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခြင်းအခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယ-ဥက္ကဋ္ဌ၊ လားဟူလူမျိုးရာရေးရာဝန်ကြီး ဦးဝီလ်ဆင်မိုး၊ အာခါလူမျိုးရေးရာဝန်ကြီး ဦးထွန်းအောင်၊ ကျိုင်းတုံပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့၊ မိုင်းပျဉ်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)