တောင်ဥက္ကလာပမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်‌ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းနှင့်‌ ဆွေးနွေးပွဲကျင်းပ

တောင်ဥက္ကလာပ မတ် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းနှင့်‌ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးမိုးက ကျောင်းကျန်းမာရေး စစ်ဆေးမှတ်တမ်းကတ်အသုံးပြုခြင်းလုပ်ငန်း လမ်းညွှန်ချက်များကို ရှင်းလင်း‌‌ပြောကြားသည်။ ဆက်လက်၍ ကျောင်းကျန်းမာရေးတာဝန်ခံဆရာဝန်‌ ဒေါက်တာအေးငြိမ်းစိုးက အမျိုးသမီးငယ်များနှင့်ပတ်သက်သည့် ကျန်းမာရေးဆိုင်ရာများ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးဆိုင်ရာများ၊ အစာအုပ်စု (၃) ခုကို စုံလင်မျှတစွာ စားသောက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကင်းဝေးစေရေး ဂရုပြုရန်၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာ‌ဆောင်ရွက်ကြရန် စသည်ဖြင့် ကျန်းမားရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တောင်ဥက္ကလာပမြို့နယ်‌ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်‌အေးဝင်းနှင့် အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းမှ ဆရာ/ဆရာမများတက်ရောက်ခဲ့ကြောင်း သိရသည်။

သီတာအေး(ပြန်/ဆက်)