ဗိုလ်တထောင် မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ကျောင်းတွင် အထူးပြုဘာသာရပ်များဖြစ်သော စီးပွားရေးလုပ်ငန်းသုံးစီမံခန့်ခွဲမှု ပညာဘာသာရပ် (Business Management)၊ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာဘာသာရပ် (English for Professional Purpases)၊ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာဘာသာရပ် (Tourism and Hosipitality Management)၊ သတင်းအတတ်ပညာဘာသာရပ် (Journatisn)၊ စီးပွားရေးနှင့်ဘာသာရေးဘာသာရပ် (Economics and Finance) တို့ကို မတ် (၁၈) ရက်နေ့မှစတင်၍ မတ် (၂၃) ရက်နေ့အထိ စာမေးပွဲကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း၊ ဖြေဆိုသည့်ကျောင်းသား (၂၂၇) ဦး၊ ကျောင်းသူ (၇၆၆) ဦး ဖြစ်ရာစုစုပေါင်း ( ၉၉၃) ဦးဖြစ်ကြောင်း ဗိုလ်တထောင်မြို့နယ် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ကျောင်း၌ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်ကျောင်း၌ စာမေးပွဲဖြေဆိုသည့် အတန်းများမှာ ပထမနှစ်ကျောင်းသား (၁၂၄) ဦး၊ ကျောင်းသူ (၃၂၅) ဦး စုစုပေါင်း (၄၄၉) ဦး၊ ဒုတိယနှစ် (၂၀၂၀) ခုနှစ်အောင် ကျောင်းသား (၂၀) ဦး၊ ကျောင်းသူ (၈၃) ဦး စုစုပေါင်း (၁၀၃) ဦးနှင့် ဒုတိယနှစ် (၂၀၂၂) ခုနှစ်အောင် ကျောင်းသား (၅၁) ဦး၊ ကျောင်းသူ (၁၉၇) စုစုပေါင်း (၂၄၈) ဦး၊ တတိယနှစ် ကျောင်းသား (၉) ဦး၊ ကျောင်းသူ (၄၈) ဦး စုစုပေါင်း (၅၇) ဦး၊ စတုတ္ထနှစ် ကျောင်းသား (၂၃) ဦး၊ ကျောင်းသူ (၁၁၃) ဦး စုစုပေါင်း (၁၃၆) ဦး ဖြေဆိုကြရာ ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထနှစ်တို့၏ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူဦးရေ စုစုပေါင်း (၉၉၃) ဦး ဖြေဆိုကြောင်း အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ကျောင်း တာဝန်ရှိသူထံမှ သိရသည်။
အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန် လုံခြုံရေးတာဝန်များကိုလည်း တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်ဝင်း (ပြန်/ဆက်)