သာစည်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
Sep 16,2025
မန္တလေးတိုင်းဒေသကြီး၊ မတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို အဖွဲ့(၂)ဖွဲ့ဖြင့် ကျေးရွာအုပ်စု(၂၄)အုပ်စုတို့၌ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက စတင်၍ သတ်မှတ်စုရပ်နေရာများဖြစ်သည့် ပြွန်ကန်ကျေးရွာ၊ ဇီးပင်ပေါက်ကျေးရွာ၊ ရွာပုလဲကြီး ကျေးရွာ၊ အင်းကုန်းကျေးရွာ၊ ညောင်းရမ်းဈေးကျေးရွာနှင့် ညောင်ရမ်းမြို့မတို့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။