၂၀၂၆-၂ဝ၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးအားလုံး အပြည့်အဝကျောင်းအပ်နှံရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

လပွတ္တာ မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ၂၀၂၆-၂ဝ၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး အပြည့် အဝကျောင်းအပ်နှံရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အခြေခံပညာကျောင်းအုပ်ကြီးများတွေ့ဆုံဆွေးနွေးပွဲ အခမ်း အနားကို ယမန်နေ့နံနက်၁၀နာရီအချိန်က အောင်တော်မူ ဘုရားတန်ဆောင်းတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် လပွတ္တာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားပြီး လွှတ်တော်ကိုယ်စားလှယ်များမှ တွေ့ဆုံမိတ်ဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဦး‌ကျော်ဝင်းက လပွတ္တာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၏ကျောင်းအပ်နှံမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး စက်မှုသိပ္ပံနှင့် စိုက်ပျိုးမွေးမြူရေးကျောင်းသားများ၏ အခွင့်အလမ်းများကို အစိုးရစက်မှုလက်မှုသိပ္ပံ‌လပွတ္တာမှ ကျောင်းအုပ်ဆရာမကြီး‌ ဒေါက်တာဝတ်ရည်လှိုင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာနွယ်နွယ်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းစိုးတို့က ရှင်းလင်းပြောကြားခဲ့‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)