ခေါင်လန်ဖူးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ် ကျောင်းသား/သူများစာရင်း ကွင်းဆင်းကောက်ယူ

ခေါင်လန်ဖူး မေ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းတက်ရောက်နိုင်မည့် ကျောင်းနေအရွယ် ကျောင်းသား/သူများစာရင်းကို မေ (၁၅) ရက် နံနက်(၁၀)နာရီက မြို့ပေါ်ရပ်ကွက်များအလိုက် စာရင်းကောက်ယူခဲ့ကြောင်းသိရသည်။

ထိုသို့ကောက်ယူရာတွင် မြို့နယ်ပညာရေမှူး ဦးညိုလင်း ဦးဆောင်၍ ဆရာ/မများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ ပူးပေါင်းမှုဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)